Monday, October 22, 2018

"အလင်းအိမ် ..။"

ညီမလေးနဲ့ ညီလေး ..
အလင်းအိမ်လေးတွေ 
အထူးတလည် .. 
ထွန်းညှိတဲ့ အချိန် ရောက်လာပြန်ပြီ ..။

မိုးလေကင်းလွတ်တဲ့ .. 
သာသာယာယာ ဒီလို ကာလမှာ ..
အိမ်တွင်း .. အိမ်ပြင် 
အမှောင်ကင်း .. 
လင်းလက်တောက်ပစေဖို့ ..
အလင်းအိမ်လှလှလေးတွေ 
တန်ဆာဆင်ကြတယ် မဟုတ်လား ..

ဒါဆို ..
ရင်တွင်းနက်နက်ထဲမှာ .. 
တိတ်တိတ်လေး မှောင်မိုက်နေမယ့် .. 
အလင်းအိမ်လေး ရှိနေတာကိုရော ..
သတိပြုမိရဲ့လား .. 

ကိုယ့်နှလုံးသားထဲက အလင်းအိမ်လေးဟာ ..
ကိုယ့်ရဲ့ အရေးတယူ ရှိမှုကို ..
အမြဲတမ်း စောင့်မျှော်နေတယ်ဆိုတာ ..
သတိ မမေ့စေချင်ဘူးကွယ် ..

ပြင်ပက မီးအိမ်အလင်း ..
နှလုံးသားထဲကို ရောက် မရောက် 
မသေချာ နိုင်ပေမယ့် ..
ရင်ထဲက အလင်းဟာ ..
အလုံးစုံသော အမှောင်ထုကို 
ထိုးခွင်း .. 
ဟိုးးးး .. စကြာဝဠာပြင်ပအထိ .. 
လင်းဖြာစေနိုင်ရဲ့ .. 

(ရှင်တော်မြတ်ဘုရားကို 
အကြိုပြုဖို့ .. အကောင်းဆုံးသော
အလင်းစစ်စစ်ပေါ့ ..) 

ညီမလေးရေ .. 
မမေ့ မလျော့ပဲ .. 
ကိုယ့်နှလုံးသားထဲက မီးအိမ်လေးကို 
ကိုယ်ပိုင် အလင်းဓာတ် ..
အရင်ဆုံး ထွန်းညှိနိုင်ပါစေ ..။ 

ညီလေးလည်း .. 
အလင်းစစ်စစ်ကို .. 
နေ့စဉ်နေတိုင်း .. သတိတရ 
သယ်ဆောင်နိုင်သူ ဖြစ်ပါစေ ..။ 

ဒီ "ရင်တွင်း အလင်းဓာတ်" .. 
ချစ်ခင်နှစ်သက်ကြသော ..
ခါးသက် မနှစ်မြို့ကြသော ..
ကျေးဇူးပြုဖူးသော ..
ကျေးဇူးမေ့ဖူးသော ..
အနီးဆုံးသူများကနေ..
အဝေးဆုံးသူများအထိ ..
နက်နက်ရှိုင်းရှိုင်း ..
ဖြန့်ကျက် ထိတွေ့နိုင်ပါစေ ..

အားလုံးသော နှလုံးသားတွေ ..
အလင်းစစ်စစ်ရဲ့ ကြည်လင်မှုမှာ ..
ငြိမ်းချမ်း လှပနိုင်ပါစေ ..။

--99--
22/ Oct/ 2018
"အလင်းအိမ်" - Sketch by 99






Sunday, October 21, 2018

ညီမလေးနဲ့ ညီလေး ..
သစ်ပင်တွေများလာတဲံအခါ ..
လေထုကြီး သန့်စင်တယ် ..

လူတွေများလာတဲ့အခါ ..
သန့်နေတဲ့ လေထုကြီး ညစ်ညမ်းခွင့်ရတယ် ..

သစ်ပင်တွေများလာတဲ့အခါ ..
ဆူညံသံတွေကို စုပ်ယူ မြိုချပြီး ..
သူတော်စင်တွေ နှစ်သက်တဲ့
ငြိမ်သက်မှုကို ဖြစ်တည်စေတယ် ..

လူတွေများလာတဲ့အခါ ..
သူတို့နှစ်သက်တဲ့ ..
ဆူညံမှုတွေကို
တကူးတက ဖန်တီးကြပြန်တယ် ..

သစ်ပင်တွေ များလာတဲ့အခါ ..
လောကကို အအေးဓာတ်နဲ့
ဆင်မြန်းလို့ ..
ငြိမ်းချမ်းစေတယ်..

လူတွေ များလာတဲ့အခါ ..
အပူတကာ့ အပူဓာတ်တွေ ထုတ်လွှတ်လို့ ..
မြင်သမျှကို လောင်ကျွမ်းစေပြန်တယ် ..

အဆုံးမှာတော့ ..
အခိုင်းနှိုင်းခံရတဲ့ လူတစုဟာ ..
သစ်ပင်တွေကို ရန်သူအဖြစ် သတ်မှတ်လို့ ..
ရန်သတ်တရု ပြုကြပါလေတယ် ..

အဲ့လူစုထဲ မင်းပါနေလား ..
ဆန်းစစ်ဖို့တောင် အတော်နောက်ကျနေပြီလို့ ..
ပြောလည်းပြောချင်ပါရဲ့ .. 
😉

--99--
10/ Oct/ 2018
"Trees vs Human" - Sketch by 99


ဒဏ်ရာ ..။

ကြွေကျစရာတွေကို ..
စိတ်လိုလက်ရ ..
ခြွေမချရက်နိုင်သေးတာ ..
သစ်ပင်ရဲ့ ဒဏ်ရာ ..။

--99--
07/ Oct/ 2018

"Scar"- Photo by 99

သင်ခန်းစာ ..။

ညီမလေးနဲ့ ညီလေးရေ ..
သူများတကာနဲ့ ကိုယ်နဲ့ကြားမှာ ..
နှလုံးသား တံတား .. ထိုးဖို့ မကြိုးစားခင် ..

အရင်ဆုံး ..
ကိုယ့်ဖြစ်တည်မှုနဲ့ ကိုယ့်နှလုံးသား အကြား ..
တံတားထိုး လမ်းဖွင့်ကြည့်ကြရအောင်လား ..။

ကိုယ့်တံတားဆီက သင်ခန်းစာအမှားတွေ ..
နောက်ထပ် တံတားတွေမှာ ..
ထပ်တလဲလဲ ..
မမှားရအောင်ပေါ့ကွယ် ..။

--99--
5/ Oct/ 2018 

"Bridge with your Inner-self" - Photo by 99

--Face to Face with Infinitude--

"God in details" -- Photo by 99
I see you ..
I feel you ..
With your vibe,
I comprehend what ‘joy’ is.
Being touched ..
By your tenderness ..
By your pure presence ..
By your smallness, yet “Infinitude” ..
Thank you ..!
For being there ..
As who you are,
Without a need to be something else,
Without a need to withhold,
You “are” a living proof,
With “God in details”.
Let us all bear the seed,
To bloom fully,
Then ..
To find ourselves in “Infinitude”.
—99—
25/ Sept/ 2018


"Mere Migrant .."

"Dust to the Earth"-- Photo by 99
I am .. 
A cosmic dust .. 
A gust of wind .. 
A flickering flame .. 
A fleeting dew drop ..

What is there to brag about?

To the Earth, 
I am just another migrant.

--99-- 18/ Sept/ 2018



အသက်ဓာတ် ..။

သစ်တောရဲ့ ချစ်ခြင်း ..အငွေ့အသက်ဟာ..
မြက်ပန်း ဖြူဖြူလေးတွေ ..
အသက်ဆက်ရှင်သန်ရာ ..။

--99--
30/ Aug/ 2018

"Source of Life" - Photo by 99

—— NOTE to SELF ——

"Changing" - Photo by 99
When we say -
“The world has changed.”

In reality -
“The illusion around us has changed,
And, it keeps changing.
But, we remain the same.”

Is it encouraging?
Not at all.


--99--
28/ Aug/ 2018


အကျင့်အကြံ ..။

"Love Unconditionally" - Photo by 99
ညီမလေးနဲညီလေးရေ..
ကိုယ့်ဘဝရဲဖြစ်တည်မှုကို..
ပန်းကလေးလိုသာကျင့်ကံပါကွယ်..

သင်းပျံပါ.. 
ူးညံ့ပါ.. 
မချွင်းမချန်ပွင့်လန်းပါ..

အဲ့ဒီအခါ..
ဘဝဟာ.. ချစ်ခြင်းအပြည့်နဲ..
နေပျော်စရာ.. 

--99--
27/ Aug/ 2018

မြတ်နိုးတတ်ပါ ..။

သူမြတ်နိုးတဲ့အရာတွေ..
ကိုယ်မြတ်နို်းတတ်ပါစေ..
ကိုယ်မြတ်နိုးသမျှကိုလည်း..
သူမြတ်နိုးနိုင်ပါစေ.. ။

သူမြတ်နိုးသမျှအရာရာ..
ကိုယ့်နှလုံးသားမှာ..
ပန်းခင်းတွေလို.. ပွင့်ဝေပါ.. ။

ကိုယ်မြတ်နိုးသမျှအရာရာဟာလည်း..
သူ့.. နှလုံးသားအတွင်းအပြင်..
ဆူး.. အဖြစ်မှ
ကင်းပါစေ.. ။

--99--
18/ Aug/ 2018


"Adore" - Photo by 99

"Inclusion .."

Always "include" the background,
Without it, 
Beauty or terror .. 
Won't be complete.

--99--
26/ July/ 2018

"Inclusion" -- Photo by 99 

Tuesday, July 17, 2018

ခွင့် ..။

အိပ်မက် အဟောင်းကို စွန့် ခွာ ..
အိပ်မက် အသစ်တွေဆီကို ..
သွားကြရတဲ့ အခါ ..
အိပ်မက် အသစ်မှာ
နှစ်နှစ်ကာကာ ပျော်ဝင်ပါ ..။
အိပ်မက် အဟောင်းတွေကို
ပေါ့ပေါ့ပါးပါး လက်လွှတ်ရင်း
(ကိုယ့်ကို) စွန့် ခွာခွင့် ပြုလိုက်ပါ ..။
အိပ်မက် အသစ်တွေ
ပါးလျ .. ကြည်လင်ပါစေ ..။
အိပ်မက် အဟောင်းတွေ
အငွေ့ ပျံ ..
ပြေလျော့ ..
ကျေအေးပါစေ ..။
--99--
07/ June/ 2018

By 99: Beauty in confinement (10 July 2018)

The Communication ..

I "see" you ..
From my mask(s) ..
Through your mask(s) ..
Aren't we tired?
Being a ceaseless recycle ..
Under mask after mask.

Let's not forget ..
"The Free Will",
The only source we "are" here,
And, the same source for our return.

Before "the return",
Let us "SEE" each other,
Unconcealed!

--99--
17/ July/ 2018

By 99: Life in a room (June 2018)